ရခိုင်ပြည်နယ်

မင်းပြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်း သင်တန်း ဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့သည်။

ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရားအား ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူ​ဇော်ခြင်းနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားတစ်ဆူ ဖြစ်သော သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်ဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် လှူပူဇော်ပွဲနှင့် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၂)ကြိမ်မြောက် ခမီအမျိုးသားနေ့ အခမ်းအနား စစ်တွေမြို့၌ ကျင်းပ

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခမီအမျိုးသားများ၏ (၁၂)ကြိမ်မြောက် အမျိုးသားနေ့အခမ်း အနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၌ကျင်းပသည်။

ဂွမြို့နယ်တွင် Mobile Team ဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား Mobile Team ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covidshield) ဆက်လက် ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား နဝမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covidshield) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ် ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌ နွေရာသီအခြေခံ ဟိုက်ကာရီ ကရာတေးဒို အားကစားသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုက်ကာရီကရာတေးအသင်းတို့ပူးပေါင်း၍  လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက် အချိန်များကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ် လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံ ဟိုက်ကာရီကရာတေးဒို သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား နဝမအသုတ်(ပထမ)အကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covaxin)ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား နဝမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေး ထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြသည်။

မာန်အောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းလိုက်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ထား ကြောင်း သိရသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

​​​​​​​ဒေါ်ဇာဇာထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ မေး။   ဆရာမအနေနဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်ဖြစ်‌စေ‌ရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေများကို သိရှင်ပါတယ်ရှင့် ။   
Subscribe to ရခိုင်ပြည်နယ်