အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးလုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ပြုလုပ်သည်။
Jan 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇန်နဝါရီ ၁၆ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jan 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီမှ စီစဥ်ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ကို ယမန်နေ့ ည (၃) နာရီ အချိန်က နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 16,2023
၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားအား ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 15,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင်ကြီးဘက်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၁၁၁-D)၊ ဉီးပိုင်အမှတ်(၉/၁) တောင်သူဉီး‌ကျော်ညွန့်၏ နေကြာသီးသန့်၊ ပဲတီစိမ်း နေကြာ(သီးညှပ်)စံပြစိုက်ခင်းများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Jan 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်ထောင်စု လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group အဖွဲ့များမှ ယနေ့နံနက်(၈)နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ဘဝသစ်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စာရင်းများ ဆက်လက် ကောက်ယူလျက်ရှိသည်။
Jan 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍တိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှ စ၍ မြို့ နယ်အတွင်းရှိ ရပ်ကွက်များ အတွင်းဆောင်ရွက်ခဲ့ရာယခုလ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု ၂၂၂၅၇ စုကိုအတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
Jan 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်တို့က ယနေ့နံနက် ၉ နာရီအချိန် ရှင်ကြီးပျောက်ကျေးရွာ အုပ်စုတွင် ရိုးပြတ်ကျန်ဧကများ၌ ပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။