အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအထူးဇုန်လျာထားဧကပြည့်မီရေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မတိုက်နယ်၊ ရေနံမတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 13,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။
Jun 13,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချကိရိယာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၁ ရက်နေ့နံနက်ပိုင်းက ရွှေမြိုင်သီရိရပ်ကွက်အနောက်‌ မျှော်လင့်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာလုပ်ငန်းစဉ်များ အသိအမြင်ဗဟုသုတများကို အများပြည်သူ ပိုမိုသိရှိစေပြီး လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက စက်မှုဇုန်(၁)၊ ဇုန်စီမံခန့်ခွဲရေးကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကလေးလူငယ်များအား အခြေခံကဗျာစပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   
Jun 13,2024
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ယခုနှစ် မိုးရာသီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရန် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများကို လူထုဖြန့်ဝေခြင်း အစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။