Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Apr 11,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်ရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်ကာ စာသင်ဝိုင်း (၂၁) ဝိုင်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် သံဃာတော် (၁,၅၁၂)ပါးအား ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ
Apr 11,2024
မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် ရဟန်းသံဃာ (၁,၅၁၂)ပါး၊ ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်၊၊ ရှေးဦးစွာ အလှူရှင် ဦးသောင်းထွန်း၊ ဇနီးနန်းရို့စလင်းမိသားစုမှ ပင့်သံဃာရဟန်းနှင့် ရှင်သာမဏေများအား ဆွမ်းကပ်ခဲ့ကြကာ ကြွရောက်ချီးမြှင့်သော သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကြပြီး နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ ဆက်လက်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ဘုရားရှိခိုးဖွင့်လှစ်ပြီး မြစေတီရဲကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅)ပါးသီလခံယူ ဆောက်တည်ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Apr 11,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီး
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ မွန်းလွဲ ၃ နာရီချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ
Apr 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်တွင် အလှည့်ကျ ဧည့်ခံဖျော်ဖြေကြမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်း လက်မှတ်များပေးအပ်
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား Vitual စနစ်ဖြင့် တက်ရောက်
Apr 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား (zoom meeting) ကို Vitual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5446
Page
5447
Page
5448
Page
5449
Current page
5450
Page
5451
Page
5452
Page
5453
Page
5454
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department