Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအား ကြည့်ရှုစစ်ဆေး
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတို့အား ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် အဖွဲ့ဝင်များကလာ ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ်တွင် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ်နှင့် 191 စတစ်ကာများ ဖ…
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအား မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ်နှင့် 191 စတစ်ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းများ ဆောင်ရွက်
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အတွင်းရှိ လူစည်ကားသောနေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကျင်းပ
Apr 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ရေအခမဲ့ ဆက်လက်လှူဒါန်း
Apr 11,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော်များ ရေအခက်အခဲမရှိစေရန် လိုအပ်သည့်ကျောင်းများသို့ ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေအမဲ့သွားရောက်လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက်နံနက်က အမှတ်(၁)ရပ်ကွက် တောကျောင်းကြီးကျောင်းတိုက်၌ ရေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင်နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများအချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့အခြေခံပညာအ ထက်တန်း ကျောင်းဝင်းရှိမိုးလုံလေလုံ အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှစတင်၍ အားကစားနည်း (၄) မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပြီး 191 Sticker များကပ်ပေး
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အလွန်ပူပြင်းသော နွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်၈နာရီက ကလိန်အောင်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ ပိုမိုထိရောက…
Apr 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရန် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5444
Page
5445
Page
5446
Page
5447
Current page
5448
Page
5449
Page
5450
Page
5451
Page
5452
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department