Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များနှင့် ကချင်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်…
Apr 10,2024
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်စေရေးအတွက် ပညာဒါနအဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များနှင့် ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်၊ မြို့နယ်လျှပ်စစ်မှူး ဦးဟန်ဆွေနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ
Apr 10,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ အောင်သင်း၏ "မျိုးဆက်သစ်ရဲ့မဟာမိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ နွေရာသီအခြေခံအေရိုးဗစ် သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Apr 10,2024
အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တို့ ပူးပေါင်း၍ နွေရာသီအခြေခံအေရိုးဗစ် သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ
Apr 10,2024
မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်ကို မြို့မ (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ဆောက်လုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Apr 10,2024
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းအဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ရွာမတောင်ရပ်ကွက် အေးသန်းဆန်စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်သူရ…
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူးဦးသိန်းဒန်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်ပညာရေးမှူး ဉီးမြင့်ဆွေတို့သည် ညောင်ခြေထောက်ကျေးရွာ အခြေခံစာတတ်မြောက်ရေး သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5414
Page
5415
Page
5416
Page
5417
Current page
5418
Page
5419
Page
5420
Page
5421
Page
5422
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department