Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ စတုဒီသာများဖြင့် စည်ကားသိုက်မြိုက်…
Apr 11,2024
၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်အပါအဝင် နိုင်ငံကျော်အနုပညာရှင် (၁၉)ဦးနှင့် သင်္ကြန်ယိမ်းအကများ၊ တပင်တိုင်အကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေမှုတို့အား သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီးထံမှသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၌ နေ့စဉ်နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေ ပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးကြည့်ရှုစစ်ဆေး
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဈေးမီးဘေးလုံခြုံရေးစစ်ဆေးရေးအဖွဲ့မှ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံလမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Apr 11,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၂ ဒဿမ ၂၇၆ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်အနက် ကျောက်ခင်းပြီး ၁၂/၀ မိုင်လမ်းပေါ်တွင် အတက်အဆင်း မတ်စောက်သည့် လမ်းပိုင်း ၇ နေရာအား ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများက ဧပြီ ၁၀ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့၌ Power Bank အားသွင်းထားရာမှတစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Apr 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ မြင်းရတနာအနီးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေး
Apr 11,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ဧပြီ ၁၀ ရက်နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့လယ်လေးမျက်နှာစေတီတော်ကြီး မဟာသန္တာဝါသ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းရာတွင်စိုက်ပျိုးသော ပန်းနှမ်း ဧက ၅၀၀၀ ကျော် ရိတ်သိမ်းပြီးစီး
Apr 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးသော ပန်းနှမ်း ဧက ၅၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Apr 11,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ်တပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက မုံရွာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5399
Page
5400
Page
5401
Page
5402
Current page
5403
Page
5404
Page
5405
Page
5406
Page
5407
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department