Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်ဖိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Aug 20,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များ တွေ့ဆုံဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ (၈၇၂) တန် ထောက်ပံ့မည်
Aug 20,2020
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း တိုင်းဒေသကြီးမှ လူဦးရေ အားလုံး အတွက် စားသုံးဆီ (၈၇၂) တန် ရရှိပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက်လှူဒါန်း
Aug 20,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင် ဦးဆောင်သော အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီတွင် စာအုပ်/စာစောင်နှင့် အလှူငွေများ လာရောက် ပေးအပ် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် လမိုင်းမြို့၌ ဆန္ဒမဲစာရင်းပေးရန် ကျန်ရှိသူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေး
Aug 20,2020
မွန်ပြည်နယ် လမိုင်းမြို့၌ ဆန္ဒမဲစာရင်းပေးရန် ကျန်ရှိသူများအား ဆန္ဒမဲပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို သြဂုတ်လ ၂၀ ရက်နေ့ မှ စတင်ပြီး မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်၌ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ဦးဆောင်ပြီး ရပ်ကွက်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၊လမ်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများက အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် လိုက်လံကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း မရှိသည့် ဆိုင်များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှလိုက်လံစစ်ဆေး
Aug 20,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းမရှိသည့်ဆိုင်များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များမှ ယနေ့နံနက်၉နာရီမှစတင်ကာ မြို့ပေါ်ရပ်ကွက်များရှိ ထမင်းဆိုင်၊စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ကုန်ဆုံဆိုင်များအားရှောင်တခင်လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်တွင် ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)တို့ဖြင့်တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်
Aug 20,2020
မော်လမြိုင်ခရိုင်၊ကျိုက်မရော မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီသို့ ရပ်ကွက်၊/ ကျေးရွာ(၄၇)ခုမှတင်ပြလာသည့် ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ကစ၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ငွေကျပ် ၂၀၀၀၀ အား တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ထံသို့ လက်ဝယ်အရောက်သွားရောက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက တုံတာမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်
Aug 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးရာသီကာလ အတွင်း ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ ဆရာစံရပ်ကွက်တွင် ရေမြောင်း များအတွင်း ပိတ်ဆို့နေသည့် အမှိုက်များ ရှင်းလင်းခြင်း ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသော စက်ယန္တယားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29874
Page
29875
Page
29876
Page
29877
Current page
29878
Page
29879
Page
29880
Page
29881
Page
29882
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department