အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
အိုင်အိုဒင်းချို့တဲ့မှု​ကြောင့် ဖြစ်ပွား​သော ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ မြို့မ​ဈေးအတွင်း၌ အိုင်အိုဒင်းဆား ​ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့​နေ့လယ်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင် စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ယနေ့ နံနက် ၁၁ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။
Aug 20,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင် စု(၁)စုလျှင် ငွေကျပ် ၂ဝဝဝဝနှုန်းဖြင့် ထောက်ပံ့ငွေများကို ယမန်နေ့က ထောက်ပံ့ပေး အပ်ခဲ့‌‌ကြောင်း သိရသည်။
Aug 20,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများလျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် အမှတ်(၄)ရပ်ကွက်နှင့် ဆင်ဖြူရှင်ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 20,2020
စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များ စုပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်အား ကောင်းလာစေရန်နှင့် စာပေအသိပညာ ဗဟုသုတဖလှယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Center) ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆောင်ရွက်ကြောင်း သိရသည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သော နိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
Aug 20,2020
နိုင်ငံတော်ကချမှတ်ထားသော Covid-19 Economic Relief Plan(CERP) အရ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ကျေးလက်ဒေသနေမိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန် ပုံငွေ စီမံကိန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်သလဲဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်း ပေး အပ်ခဲ့ ကြောင်းသိရသည်။
Aug 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့မှ မိုးနှမ်းစိုက်ပျိုး တောင်သူများသည် နှမ်းရိတ်သိမ်းပြီး ချိန် ရောက်လာသော်လည်း နှမ်းစေ့နှင့် ဆီဖြစ်ရောင်းရစျေး ယခင်နှစ်များထက် ကျဆင်းသည်နှင့် ကြုံတွေ့နေရကြောင်း သိရသည်။