Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျောင်းတိုက်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Aug 23,2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းအရ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်း ကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဆင်မတောင်-ညောင်ဝိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်…
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆင်မတောင်-ညောင်ဝိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်အားအဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောပွဲ ကျင်းပပြုလုပ်
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို လူငယ်လူရွယ်များဖြစ်သည့် ကျောင်းသား/ ကျောင်းသူများ အကျယ်တဝင့် သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းအေခြခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကုန်းဇောင်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံတက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်ပညာပေး ဟောပြောပွဲကျင်းပ
Aug 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၏ (၂၀၂၃-၂၀၂၄) နှင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ (Monkeypox)မျောက်ကျောက်ရောဂါ ကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျောက်ကျောက်ရောဂါ (Monkeypox) ရောဂါကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့က ရပ်ကွက်(၁)၊ စျေးချိုလမ်းမြို့မစျေးကြီးအနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဆင်းပွဲကျင်းပ
Aug 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ပြေးခုန်ပစ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပ
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဗလငါးတန် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်းတွင် ယမန်နေ့ညနေပိုင်းက အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2981
Page
2982
Page
2983
Page
2984
Current page
2985
Page
2986
Page
2987
Page
2988
Page
2989
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department