အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဈေးရောင်းချသူ၊ ဈေးဝယ်ရန်လာရောက်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်အသုံးပြုရန် အသိပညာပေးနှိုးဆော်ခြင်းကို အပတ်စဉ် အင်္ဂါ‌နေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစောသိန်းဦးနှင့်ဝန်ထမ်းများက မြို့မဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးသောရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အ.လ.က ကျောက်ထောင့်၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2020
ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ် ၊‌ ဘုရားပျိုကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့် မီးလင်းရေးတင်ပြထားသည့် ကွင်းတဲစုများအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့နေလည်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။