အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ရေနံချောင်းမြို့နယ်၌ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပြန်လာသူ အမျိုးသား ၉ ဦးအား ကနဦးကျန်းမာ ရေးစစ်ဆေးမှုများပြုလုပ်ပြီး ရေနံချောင်းဒီဂရီကောလိပ် Community Base Facility Quarantine Centre တွင် ထားရှိထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရ သည်။
Aug 26,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန သထုံခရိုင် ငါးသားပေါက်စခန်းမှ (CERP) ၏ Action Plan (ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်) အရ ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ ဦးကာတွန်း၏ ငါးမွေးကန်၌ ငါးသား ပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ သည်။
Aug 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးသန့်စံပြကွက် ဆင်းဧကရီ-၃ မိုးစပါး (အထူးအထွက်တိုး)စံပြကွက် တောင်သူ ဦးထိန်းလင်း၏ လယ်မြေ ကွင်းအမှတ်(၆၅)ရှိ လယ်(၃)ဧကတွင် စိုက်ခင်းအတွင်းမျိုးကွဲများ နှုတ်ပယ်ခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Aug 26,2020
ပုလောမြို့နယ် ပလမြို့ အမှတ် (၂) ရပ်ကွက်တွင် သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာ၀ဘေးသင့်ခဲ့သော အိမ်ထောင်စုတစ်စုကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
Aug 26,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မိုးရာသီရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေနုတ်မြောင်းနှင့်
Aug 26,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှား မှုအဖြစ် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး၊ ဆေးတိုက် စုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 26,2020
မွန်ပြည်နယ်၊ကျိုက်မ​ရော မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်​ဆေး ​ ဆောင်ရွက်ခြင်းနှင့် နှာ​ခေါင်းစည်းများ အခမဲ့ ဖြန့်​ဝေ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီ က လူစည်ကားရာ​နေရာဖြစ်သည့် ကျိုက်မ​ရော-ကျွန်းရွာ ကားလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။