Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ် ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ ဖားဆောင်းမြို့ ရေဘေးသင့်အိမ်ထောင်စုများ အတွက် ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်
Aug 26,2020
ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေနှစ်မြှုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုဝင် များအတွက် ကယားပြည်နယ် ပရဟိတအသင်း(၁၉)ဖွဲ့မှ ပူးပေါင်း၍ ယမန်နေ့နေ့လည် (၁၂)နာရီတွင် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် လှူဒါန်းမှု လက်ခံရန်နေရာအဖြစ် ဖွင့်လှစ်ထားရှိသည့် နန်းဟူးကုန်းကျေးရွာ (မူလွန်)ကျောင်းတွင် အခြေစိုက်ထားရှိသည့် နေရာသို့ ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း ကူညီခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 26,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အဖွင့်အမှာစကား ပြောကြား သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 26,2020
ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေး ခန်းမ တွင် ပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် အင်ပင်လှကျေးရွာ၌ ပညာရေးဌာနမှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြှင့် တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ)၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၄၄၀)ဖြင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လင်းခေး၌ ဆက်လက်ဆောင်ရွက်
Aug 26,2020
အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှ အဆိုပါလုပ်ငန်း ကျန်းမာရေး စစ်ဆေး ခြင်းအား မြို့အဝင် စုပေါင်းဂိတ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်း စစ်ဆေး
Aug 26,2020
မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျွဲဘေးကျေးရွာ အုပ်စု၊ ကျွဲဘေး(အထက်) ကျေးရွာတွင် ရွာအဝင် လမ်းနှင့် ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 26,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် အင်္ဂပူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၇၀) ကြိမ်ကျော်ရှိလာ
Aug 26,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ) ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29746
Page
29747
Page
29748
Page
29749
Current page
29750
Page
29751
Page
29752
Page
29753
Page
29754
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department