အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယအကြိမ် ငွေထုတ်ချေးခြင်းကို ယမန်နေ့က ဟိုဖကျေးရွာခန်း မဆောင်၌ ကျင်းပသည်။
Aug 22,2020
မန္တလေးတိုင်း‌ဒေသကြီး ၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ် သည့်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show ) ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
Aug 22,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တွင် သြဂုတ်၂၄ ရက်နေ့မှစတင်ကာ ပင်စင်များအား သတ်မှတ်ရက်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကျန်းမာရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရေနံချက် စက်ရုံ ရုံးကြီးအရှေ့ ကားများ ရပ်နားသည့်နေရာ၌ စနစ်တကျ ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
Aug 22,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တာဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်ပြည်သူများကို ယနေ့နံနက် ၇ နာရီကပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများ ချုပ်လုပ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Aug 22,2020
ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CREP)အရ နိုင်ငံတော်ကပေးအပ်သော ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
Aug 22,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ၂၀၂၀ ပြည့်နှစ်အတွင်း ဘက်စုံထူးချွန်ဆုရ လူရည်ချွန်မောင်မယ်များအား တစ်ဦးလျှင် ငွေကျပ် ၂၃၀,၀၀၀ ကျော်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မိုးညှင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ကျင်းပသည်။