အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်က ကိုဗစ် - ၁၉ စီးပွားရေး ကုသမှုအစီအစဉ်ဖြင့် မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးရုံး၌ မိုးစပါးမျိုးစေ့ထုတ် လယ်ဧက (၇၀) အတွက် ပထမအရစ် ငွေကျပ် (၅၈၄၅၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်
Aug 24,2020
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ သွားမှာဖြစ်ပြီး မွန်ပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၃၀၃)ဦးရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
Aug 24,2020
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို သြဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက မော်လမြိုင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင် ပြုပြင် ပြီးစီးမှုအခြေအနေကို ရှမ်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာ သက်သက်စံနှင့်အဖွဲ့တို့က ယနေ့ နံနက်(၁၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း ကြည့်ရှု စစ်ဆေး သည်။
Aug 24,2020
မွန်ပြည်နယ်၊ လမိုင်းမြို့ နှင်းစုံကျေးရွာအုပ်စု ကွမ်ဒူးကျေးရွာ မိုင်တိုင်အမှတ်(၂/၈၆/၈၇)ကြား ၌သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ်8G/---- Nissan(၁၂) ဘီးယာဉ် (ဖြူ/ပြာ)မှ ရေးမြို့နယ်ဘက်မှမော့ကနင်ကျေးရွာဘက်သို့မောင်းနှင်လာ သော ယာဉ်အမှတ်9G/----ဟိုက်ဂျက်(အဖြူရောင်)ယာဉ်အား အရှိန်လွန်၍ ဝင်ရောက်တိုက်မိခဲ့ခြင်း ကြောင့် ယနေ့နံနက်၈နာရီ ၃၀မိနစ် ခန့် က မတော်တဆတိုက် မှုဖြစ်ပွားခဲ့သည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ဆွမ်းကျေးရွာအနီးရှိ ရွှေလီမြစ်ထဲသို့ စီးဝင် နေသည့် နမ့်ဝမ်းချောင်းသည် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမှု အခြေအနေနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်စည်းမျဉ်း တစ်လျှောက်ရှိ နယ်ခြားမှတ်တိုင်များ၏ အခြေ အနေများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။