အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများအား ဒုတိယ အကြိမ်အဖြစ် ယနေ့မှ စ၍ ကြေငြာကပ်ထားပေးသည်။
Oct 01,2020
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၂၅အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် အတွက် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သများ လုံခြုံစိတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန် အထူးရဲသင်တန်းကို ယနေ့နံနက် (၉ ) နာရီက စဉ့်ကိုင်(အ.ထ.က)သဇင်ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 01,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို ​အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းကို လပွတ္တာမြို့ အမှတ်(၃)ရပ်ကွက် အထက ကျောင်းတွင် ကျင်းပြုလုပ်သည်။
Oct 01,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း (၆၆ kv) လျှပ်စစ် ဓာတ်အား လိုင်းဆောင်ရွက်ရာတွင် လျှပ်စစ်ကြိုးတန်းနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင် များအတွက် ဒုတိယအသုတ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ဝင်းကကျေးရွာ၊ သမိန်ဒွတ်ကျေးရွာနှင့် ထီဟူးသံကျေးရွာများတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို ယနေ့မှစ၍ သက်ဆိုင်ရာနေရာအသီးသီးတွင် ကပ်ထားပေး လျှက်ရှိ ကြောင်းသိရှိရသည်။