Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သင်္ဃန်းကျွန်း မြို့နယ်တွင်အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ(၂၉)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက် ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေ…
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) ၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင် စေရန်နှင့်စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးပြုလုပ်
Jan 20,2022
မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)အချိန်က စတင်ကာရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် စည်ပင် သာယာရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာ ရေစီးရေလာဌာနမှ ဝန်ထမ်း များက လှိုင်မြို့နယ် စံပြရပ်ကွက်အဖြစ် ရွေးချယ်ထားသော (၁၂)ရပ်ကွက် ပါရမီလမ်း (ချည်မျှင် စက်ရုံ အိမ်ရာဝန်းဘက်ခြမ်း) သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် သစ်ရွက်ကြွေများ ကိုင်းခြောက်များနှင့် အုပ်မိုးကိုင်းများ မြက်များ အမှိုက်များ ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင် ပြပွဲ ကျင်းပ
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိစေရန် နှင့်ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ဘူးနှင့်ငှက်ပျော သီးညှပ်စိုက်ပျိုးထား
Jan 20,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ဘူးနှင့် ငှက်ပျော သီးညှပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထားကြည့်ရာ အပင်ပေါက်ကောင်းပြီး ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Jan 20,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဆဋ္ဌမအသုတ်၊ ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်ဒေသတွင် မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းများ စတင်နှုတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းနည်း၍တောင်သူများတွက်ခြေမကိုက်
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့သော မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းများ နှုတ်သိမ်းလျက်ရှိပြီး၊ အထွက်နှုန်းမှာ ထင်သလောက် မရရှိကြသဖြင့် တောင်သူ များ တွက်ခြေမကိုက်ပဲ အရှုံးပေါ်ကြကြောင်း ရွှေလက်ပြန်ကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22909
Page
22910
Page
22911
Page
22912
Current page
22913
Page
22914
Page
22915
Page
22916
Page
22917
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department