Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းမြို့ကျေးလက်ဒေသများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုနေ့ချင်းပြီး ပြုလုပ်ပေးခြင်းကို ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်း(၁၀) နာရီအချိန်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၈)နာရီက တောညောင်ပင်သာကျေးရွာနှင့် မြို့ပေါ်ရှိရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ကာ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖလားတိုက်နယ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖလား တိုက်နယ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Jan 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်နှိုးဆော်ခြင်းစသည့် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက် ရပါသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဇန်နဝါရီလ(၂၀)ရက်က (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့အကြို စာဖတ်ဝိုင်းနှင့် စာအုပ်ပြ ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ဆောင်းရာသီအားကစားသင်တန်းဆင်းပွဲ ပြုလုပ်
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော ၂၀၂၂ ခုနှစ် ဆောင်းရာသီ အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်
Jan 20,2022
ချင်းပြည်နယ်၊ ဟားခါးခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကလေးများ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22907
Page
22908
Page
22909
Page
22910
Current page
22911
Page
22912
Page
22913
Page
22914
Page
22915
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department