Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်(ပြန်/ဆက်ရုံး)၌ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် စာပေဝါသနာရှင်များစုပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးဖြစ်၊ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jan 20,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ ပန်းခင်းစီမံချက် ၉၁ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်မှုမှကာကွယ်ရန် တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ စစ်တုရင်ပြိုင်ပွဲကျင်းပ
Jan 20,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင် ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် အသိ ပညာပေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက် နှင့် အသိပညာပေးလုပ်ငန်းများကို ဟဲဟော်ကျေးရွာ အခြေခံပညာ မူလတန်းစာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမဆောင်တွင် စာအုပ်စာစောင်ပြပွဲပြုလုပ်
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီခွဲက စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရာ အ-ထ-က(ရွှေသောင်ယံ)ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ လာရောက်ကြည့်ရှု ငှါးရမ်းခဲ့ကြသည်။ ထိုစာအုပ်၊ စာစောင်ပြပွဲတွင် သုတ၊ ရသစာအုပ်များ ပုံပြင်၊ ဝတ္ထု၊ ကဗျာ၊ မဂ္ဂဇင်း၊ ရုပ်ပြစသည်ဖြင့် စာအုပ်၊ စာစောင်မျိုးစုံပါဝင်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင်ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22903
Page
22904
Page
22905
Page
22906
Current page
22907
Page
22908
Page
22909
Page
22910
Page
22911
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department