Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာစည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲ ပြုလုပ်
Jan 13,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က တောကင်းကျေးရွာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့် တွေ့ဆုံဆွေးနွေး
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး
Jan 13,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယနေ့နံနက်ပိုင်းက စျေးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီလှည့်လည် အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Jan 13,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး၏ သုဒဿနရင်ပြင်ရှိ ယာယီမဏ္ဍပ်၌ သီတင်းသုံးစံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား မြို့နယ်အတွင်း ရပ်ကွက်အသီးသီးတွင် ဒေသစာရီ ကြွချီလှည့်လည်အပူဇော်ခံနိုင်ရန် ပင့်ဆောင်ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက် ဥက္ကလာပစေတီတော် သုဒဿနရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့ရှိ ရတနာသီရိရပ်ကွက်၌ နေအိမ်ရှိ ရေခဲသေတ္တာနှင့် တွဲလျက်အသုံး ပြုထားသည့် Safe Card အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
Jan 13,2025
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ပတ္တမြားလမ်း၊ နယ်မြေ (၁၂)၊ အိမ်အမှတ် (ရ/ ၅၄)နေ ဦးစိုင်းလောဝ်ဟိန်း၊ ရွှေတြိဂံ ကားဂိတ်ပိုင်ရှင်၏ အလျား (၃၀)ပေ၊ အနံ (၂၅) ပေ အရွယ်ရှိ ပျဉ်ထောင် မြေစိုက်သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာ (၂)ထပ် အဆောက်အဦနေအိမ်တွင် ဇန်နဝါရီလ ၁၂ ရက် ည ၁၀ နာရီ ခွဲခန့်က ရေခဲသေတ္တာနှင့် တွဲလျက်အသုံးပြုထားသည့် Safe Card အပူလွန်ကဲရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့ပြီး ၎င်း နေအိမ်နှင့် ကျောချင်းကပ်ရှိ ရတနာသီရိရပ်ကွက်၊ နီလာလမ်း၊ နယ်မြေ (၁၂)၊ အိမ်အမှတ် (ရ/၂၈)နေ ဦးကြည်မြင့် အရောင်းအဝယ်၏ အလျား (၄၀)ပေ၊ အနံ (၃၀)ပေရှိ အုတ်ညှပ် ပျဉ်ခင်းပျဉ်ကာ (၂)ထပ် နေအိမ်အပေါ်ထပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေးဆွေးနွေးညှိနှိုင်း
Jan 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေး၊ ခွင့်ပြုချက်မဲ့ သွယ်တန်းထားသော ဆက်သွယ်ရေးကြိုး၊ ဖိုင်ဘာကြိုး၊ ဝိုင်ဖိုင်ကြိုးများရှင်းလင်းရေး၊ သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ လိုက်နာသွယ်တန်း ဆောင်ရွက်ရေးတို့အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဇန်နဝါရီလ (၁၁) ရက်နေ့နံနက်ပိုင်းက ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲပြုလုပ်
Jan 13,2025
၂၀၂၅ ခုနှစ် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ၊ ရေစက်ချအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားရင်ပြင်တော်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (၁၆)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကျင်းပ
Jan 13,2025
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (၁၆)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂၀၅)၊ ဝါးတန်းလမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်ရှိ Panda Restaurant ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2096
Page
2097
Page
2098
Page
2099
Current page
2100
Page
2101
Page
2102
Page
2103
Page
2104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department