Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ ယမန်နေ့ည (၁၀) နာရီခန့်အချိန်က ကုန်သည်လမ်းရှိ ပိုင်ရှင်ဦးရဲကျော်ပိုင်ဆိုင်သော "ဦးသိန်းဟန် ဖိနပ်ဆိုင်"မှ ရေခဲသေတ္တာအပူရှိန်လွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Jan 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား) အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကော်မတီတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က-ခွဲ(မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ အ.ထ.က-ခွဲ (မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ညောင်ရွှေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း နေကြာ မျိုးကောင်း၊ မျိုးသန့်များ ဖူလုံပြီး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း (၂) နေကြာ မျိုးကောင်း၊ မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ ကူညီရယူပြီး ညောင်ရွှေကျေးရွာတောင်သူ ဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာစေတီတော်(မြို့ဦးစေတီတော်)၌ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင…
Jan 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် တည်ထားကိုးကွယ်မူသော ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ မြေလွတ်နေရာများတွင် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများအဆင်ပြေလျက်ရှိ
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး မြေလွတ်နေရာများတွင် စားဖိုဆောင်စရိတ်သာစေရန် မြန်မာကြက်ဟင်းခါး စိုက်ပျိုးခြင်းဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2095
Page
2096
Page
2097
Page
2098
Current page
2099
Page
2100
Page
2101
Page
2102
Page
2103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department