Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဇလွန်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ချီးမြှင့်ငွေစတင်ထုတ်ပေး
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၄-၂၀၂၅)ခု ဘဏ္ဍာရေးနှစ်အတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ချီးမြှင့်ငွေစတင်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း (Grade-9) နှင့် မူလတန်း (Grade-5) အတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်…
Jan 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) နှင့် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲမေးခွန်းအတွက် မြို့နယ်အဆင့် ဆင့်ပွား၊ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ် မူလွန်(၁)ကံ့ကော်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာဟောပြောပွဲပြုလုပ်
Jan 13,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ မူလွန်(၁)ကံ့ကော်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အာနန္ဒာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်မှ စတင်၍ လှူဒါန်းထားသည့် ဆွမ်းသပိတ်လုံးများအား ရေစက်သွန်းချ အမျှအတန်းပေးဝေးကာ မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံးများအား သံဃာတော်အရှင်သူမြတ် ၃၂၀ ပါးတို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 13,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်ကစတင်၍ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 13,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 13,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ (၆၁) ကြိမ်မြောက် စုပေါင်းဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
Jan 13,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်းမှ သံဃာတော်အပါး (၅၀) ပါးတို့အား (၆၁) ကြိမ်မြောက် စုပေါင်းဆွမ်းကြီးလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ဝင်းကြီးရပ်ကွက်၊ သာသနဟိတကာရီဓမ္မရုံတွင် ဆင်ယင်ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2092
Page
2093
Page
2094
Page
2095
Current page
2096
Page
2097
Page
2098
Page
2099
Page
2100
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department