အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ရွှေပြည်သာအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အကြိုပြင်ဆင်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးအဆင့်ဝန်ကြီးများက ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၁၃ရက်နေ့နံနက် ၉ နာရီ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2025
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
Jan 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် နာဂပွဲတော်ကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားများ ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် (၉) နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။
Jan 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊  အခြေခံပညာမူလတန်းကျောင်း(နမ့်ကုန်)တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (၁/၂၀၂၅) အခြေခံ​သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇၁) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။
Jan 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြာသိုလပြည့် (အမေများ)နေ့ စတုဒီတာကျွေးမွေးလှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Jan 13,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ် (MOBILE MEDICAL UNIT) ဖြင့် ကွင်းဆင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်တွင် သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား (အခမဲ့) ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။