အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်(Grade-5)နှင့် မူလတန်းဆင့်(Grade-5)သင်ကြားသင်ယူမှု အရည်အသွေးမြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အလယ်တန်း၊ မူလတန်း၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအနေဖြင့် ယမန်နေ့နံနက်ပိုင်းက ရန်ကင်းတောင်ကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆော်ဩခဲ့ကြသည်။
Jan 13,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
Jan 13,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
Jan 13,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူဆေးရုံကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် (၉) နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများအား စတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် (Youth Club) တို့ပူးပေါင်း၍ လူငယ်အသိမြင့်မားရေး၊ ဘဝအောင်မြင်ရေးအတွက် ကိုယ်ပိုင်လား၊ အဌားလား၊ ကိုယ်တိုင်တည်‌ဆောက်ယူမှာလား စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။
Jan 13,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မျက်နှာကြီးစေတီတော်ရင်ပြင်တော်၌ ရတနာဦးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ၏ ဩဝါဒါခံယူကျင်းပသော (ဒသမ)ကြိမ်မြောက် စာရေးတံဆွမ်းသပိတ်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နားခံ၏  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ‌နေရာ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ‌”တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။