အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ဟိုလွိုင်ကျေးရွာအုပ်စု ကျောင်ခမ်းကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါကျောင်းများတွင် ဝါကျွတ်ပွဲ(ခေါ်)ကောက်သစ်စားပွဲကို ယမန်နေ့ ည ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။
Jan 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ယင်းသာကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရေး စနစ်တကျလယ်ယာမြေအဖြစ် ဧက ၁၀၀ ဖော်ထုတ်မည်ဖြစ်ရာ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 14,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီမှ  အခမဲ့ထုတ်ဝေသည့်  “ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွ တိုက်ဖျက်ကြပါစို့” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာ​စောင်များဖြန့်ဝေခြင်းကို  ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အဆောက်အဦများအား မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁)ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ဖွီး)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jan 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်း မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၇၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။