အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ကိုဗစ်-၁၉ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ၄နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီတို့ပူးပေါင်၍ မြို့ပေါ်ရပ်ကွက်များ အတွင်းအသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 10,2022
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Jan 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်ရှိ ကျောက်ဂူဇေယျသုခ သီလရှင် စာသင်တိုက်၌ တောင်ရပ်ကွက်နေ အလှူရှင်ဒါယိကာကြီး ဦးကြည်လင်း + အလှူဒါယိကာ ဒေါ်ခိုင်ခိုင်ဦး မိသားစုတို့မှ ဘုးရာစေတီ၊ ကျောင်း၊ မုခ်ဦး၊ တံတိုင်း၊ ရေတွင်းရေကန်၊ သာသနဝတ္တကမြေ၊ မော်တော်ယာဉ်များ လှူဒါန်းမှု တို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 10,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေ ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့် အထက်  သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီမှစ၍  ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက်ဓမ္မာရုံ၊ သခင်ဘသောင်းရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက် ဓမ္မာရုံတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ် (၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယနေ့၌ ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2022
မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ လမ်းနယ်အတွင်း ကျူးကျော်စျေးဆိုင်များ ရောင်းချခြင်းနှင့် လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ၊ အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင်နေမှုများအား ဇန်နဝါရီ ၈ ရက် နေ့လယ် ၁၂ နာရီတွင် မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။