အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအထိ ၃၁၈၉၄၀ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
Jan 19,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က ရေးမြို့နယ်၊ အနင်းကျေးရွာရှိ လမ်းခင်းကျောက် ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှူစီးပွားဘဝ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် ဒေသအကျိုးပြု လုပ်ငန်းများအား တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို  ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက  ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၇) ရပ်ကွက်၊ မိုခမ်းရပ်ရှိ ဇေယျသုခကျောင်းတိုက်၌ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ယပ်လုပ်ပူဇော်မည့် ဉာဏ်တော် (၂၄)ပေအမြင့်ရှိ မဟာလာဘမုနိ နှီးဘုရား တည်ဆောက်ရက်လုပ်ရာတွင် မြို့နယ်အတွင်းမှ ဗုဒ္ဓဘာသာဝင် ပြည်သူအများအပြား လာရောက်၍ လုပ်အားဒါန ကုသိုလ်ပြုသူများ များပြားလျက်ရှိကြောင်း သိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။