Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အနာဂတ်ကိုမျှော်တွေးပါ စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီက နတ်ရှင်(ရွှေဂူ)ရေးသားသည့်အနာဂတ်ကိုမျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ရာ ရွှေသောင်ယံမြို့ရှိ Book Clubနှင့်Women Clubအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအရှေ့ရပ်ကွက်သို့ သွားရောက်ပြီးHandSpeakerဖြင့် အသိ ပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) Phase -6 ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကညွှတ်ကွင်းအုပ်စုဘဲပြာကျေးရွာ ကျေးလက်ဆေးပေးခန်းဆေးထိုးစုရပ်တွင် ကျေးရွာအုပ်စုများမှအသက်(၁၈) နှစ်အထက်ပြည်သူများအား Phase-6 ( ပထမ အကြိမ် ) ကိုဗစ်-၁၉ ကာကွယ်ဆေးကိုယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသော နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရေး တိုင်းရင်း သားလူမျိုးများအား ဆွေးနွေးရှင်းလင်းဆောင်ရွက်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းသားလူမျိုးများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးသော ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေစာရင်းများ လက်ဝယ်ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာခွဲအချိန်တွင် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ
Jan 19,2022
အားကစားနှင့်ကာယပညာဦးစီးဌနမှ ကြီးမှူးကျင်းပသည့် ကော့သောင်းမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကြက်တူရွေး ကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက်လမ်းအား ကျောက်ရော မြေသားလမ်းခင်းခြင်း
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအ တွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင်
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေ…
Jan 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19261
Page
19262
Page
19263
Page
19264
Current page
19265
Page
19266
Page
19267
Page
19268
Page
19269
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department