အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပဆောင်ရွက် ကြောင်း သိရသည်။
Jan 19,2022
ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ၌ 230 KV ပင်မဓာတ်အားခွဲရုံသစ် ဆောက်လုပ်လျက်ရှိရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကြည့်ရှုစစ်ဆေးသည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁၆)ရပ်ကွက်ရှိ မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံတို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) (Woman Club) တို့ ပူးပေါင်း၍  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "လူငယ် ဆိုတာလန်းရမယ်" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2022
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း စာပေဆွေးနွေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က တာကလေးရပ်ကွက် နတ်မော်လမ်းရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက်ပိုင်းက လူငယ် လူရွယ်များ မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)  စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။