အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ၊ငဖဲမြို့မစခန်းမှ စခန်းမှူးဒုရဲမှူးဇော်ဝင်း ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ပေါ်ဒေသများဖြစ်သည့် ရှောက်ရင်းကျေးရွာ၊ ရေဖြူကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာများမှ ဒေသခံ တောင်သူ များအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံ သင်တန်း( ၁/၂၀၂၂)တွင်ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နေလည် ၂နာရီအချိန်က တွံတေး မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ် များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တာပုတ်ကျေးရွာရှိ စိုက်ပျိုးရေး တောင်သူများ သည် သီးနှံမျိုးစုံကို ရာသီအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ လျက်ရှိရာ ဆောင်းရာသီထွက် ဂေါ်ဖီထုပ် များ ယခင်နှစ်များထက် ဈေးကောင်းသဖြင့် စိုက်ပျိုးရေး တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ဈေးတန်းရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ/ကျေးရွာများ၌ ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မုန့်ပေါင်းကျေးရွာသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။