အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူလူထုအခြေပြု ဗဟိုဌာနတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀ နာရီကကျင်းပပြုလုပ်ရာ
Jan 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ မိုင်းပျဉ်းမြို့ ပိန်းဆန်းရပ်ကွက်၊ မက်မန်းလမ်းနေမောင်စိုင်းကျွမ်မှိုင်း(ခေတ္တUK)နှင့် မနန်းဟွမ်မွဏ်းဦး(ရန်ကုန်)မောင်နှမတစ်စုတို့မှ ဇန်နဝါရီလ၁၈ရက်နေ့ မွန်းလွဲပိုင်းက သုတ/ရသစာအုပ်ပေါင်း လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် တိုးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈နာရီအချိန်မှစ၍ ချမ်းမြသာစည်မြို့နယ်၊သံလျက်‌ မော်‌တောင်ရပ်ကွက်နင့်မြို့သစ်(၁)ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက် ပေးကြောင်း သိရသည်။
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ်တတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့်ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာလျော့နည်း လာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။