Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တအသုတ် (ပထမအကြိမ်) နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster Dose ဆက်လက် ထိုးနှံပေး…
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အသက်(၁၈)နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမအကြိမ်) နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster Dose ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်ထားဝယ်ကျေးရွာတွင် ဘူးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ
Feb 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ဘူးပင်များတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းနှင့် ဘူးပင်များ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့်နွားချေးနှင့် မြေပြုပြင်ပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေ၊ တစ်တန်းနှင့် တစ်တန်း(၁၈)ပေခြားကာ စိုက်ပျိုးမှသာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်းကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာဆယ်နှစ်လရာသီ ပွဲတော်တစ်ခုဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ(၄) နာရီအချိန်က ဒီပါရုံစေတီတော်မြတ်ကြီး ဘုရားဝန်းအတွင်း၌ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာမိသားစုဝင်များ စုစုပေါင်းပြိုင်ပွဲဝင်(၂၁) သင်းနှင့်ဒိုင်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများနှင့် တစ်ကြိမ်တခါမှမထိုးနှံရသေးသူများအားကိုဗစ်ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Feb 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးညိုမြို့၊ မြို့မ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရတနာဗောဓိကျောင်းတိုက်တွင် (ပထမ)အကြိမ် အသံမစဲ မဟာပဌါန်းပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Feb 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာ ရတနာဗောဓိကျောင်းတိုက်အတွင်း ယမန်နေ့ နံနက် ၈ နာရီအချိန်က (ပထမ)အကြိမ် အသံမစဲ မဟာပဌါန်း ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပရာ ပင့်လျှောက်ထားသော ဆရာတော်/ သံဃာတော်များ၊ တရားချစ်ခင် စေတနာရှင် အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်ကွင်းဆင်းဆောင်ရွက်
Feb 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းဦးဆောင်သော နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ (မောက်မယ်)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင် ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ့်ဝင်ကျေးရွာအုပ်စု၊ ဟိုတင့် ကျေးရွာရှိ နေအိမ်အား ဆောက်လုပ်ရန်အတွက် ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့ စည်ပင်သာယာဈေးရှေ့နှင့် ဈေးအတွင်း၌ Mask Campaign လှုပ်ရှားဆောင်ရွက်
Feb 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ စည်ပင်သာယာဈေးရှေ့နှင့် ဈေးအတွင်း၌ ဈေးသို့လာရောက်သည့် ပြည်သူများနှင့် လမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇာပြောင်း အိုမီခရွန်ရောဂါကို ကြိုတင် ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18757
Page
18758
Page
18759
Page
18760
Current page
18761
Page
18762
Page
18763
Page
18764
Page
18765
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department