အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝါးခယ်မမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင်  ပြည်သူများ ကလေးများ အသိပညာတိုးပွားစေရေး စာပေဗဟုသုတ ကြွယ်ဝစေရေး စိတ်ချမ်းမြေ့ပျော်ရွှင်မှုများ ရရှိစေရေး ရည်ရွယ်၍ Online မှ တစ်ဆင့် နေ့စဉ် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်များ ပြောပြခြင်း၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဗဟုသုတများ ဖတ်ပြခြင်း Talk Show အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိခြင်းတို့ကို  ယနေ့ နံနက်ပိုင်းက   မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်းနှင့် ကဗျာရွတ်ဆိုပြခြင်း အစီအစဉ် များကို ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Feb 14,2022
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရည်အသွေးမြင့် စိုက်ပျိုးနည်းစနစ်များအား အသုံးပြု၍ ဒေသတွင်း စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား၍ ဆောင်ရွက်လျှက်ရှိရာ စုကလိမြို့ သေ့ဘောဘိုးကျေးရွာ တောင်သူဦးကျော့မူထော၏ ဆောင်းအစေ့ထုတ်ပြောင်း ၁၀ ဧကအား ရေသွင်းရေဖြန်းစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
Feb 14,2022
နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ် အမျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ် ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများမှ ရပ်ကွက်/​ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Feb 14,2022
လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ဦးစီးပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော လာချိဒ်လူမျိုး ရိုးရာနှစ်သစ်ကူး (ဂျိတ်ကျော့) ပွဲတော်အား ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ အတွင်းရှိ လာချိဒ်ယဉ်ကျေးမှုမနော၀င်း၌ ဖေဖော်ရီ (၁၄) ရက်မှ (၁၅) ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
Feb 14,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အလံချိန်ကျေးရွာအုပ်စု၊ အလံချိန်ကျေးရွာမှ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများကို ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပဉ္စမအသုတ်(ဒုတိယအကြိမ်)အဖြစ် အဆိုပါရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 14,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးရှိ COVISHIELD ကိုဗစ်၁၉-ရောဂါကာကွယ်ဆေး ၁၃.၁.၂၀၂၂နေ့ ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စလင်းမြို့နယ် ပြည်သူ့ဆေးရုံဝန်အတွင်းရှိ အစည်းအဝေးခန်းမဆောင်နှင့် စုရပ်အသီးသီးတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။
Feb 14,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 14,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။