အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်ကို ဆက်သွယ် ပေးထားသည့် မော်တော်ကား လမ်းဘေးဝဲ၊ ယာတစ်ဖက်စီအား မြေသားတာပေါင်ဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
Feb 14,2022
ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
Feb 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သံဃာ့နာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနဝိပုလကာရီဗိမ္မာန်တော်တွင် ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွါးရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့အစည်းများ၌ အနားယူ လစ်လပ်သွားသော သံဃာ့နာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာအဖွဲ့အစည်း အဆင့်ဆင့်အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Feb 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူး စက်ပျံ့နှံ့မှုမှစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခခွါသည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အထကောင်းများ ဆက်လက် လိုက်နာစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၈) မိနစ် (၃၀) အချိန်က မြောင်းမြမြို့ အမှတ်(၉)ရပ်ကွက်၊ (၇)လမ်းနှင့်သူဌေးကုန်းလမ်းထောင့် အမျိုးသားစျေးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်ကာ အရှိန်အဟုန်မြှင့်၍ Mask Campaign ပြုလုပ်ပြီး(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆) လ အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေ ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Feb 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 14,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre) သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Feb 14,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ  ဒေသခံတောင်သူများမှာ  ဖာလာ၊ ကွမ်းသီး၊ ကော်ဖီ  စသည့်   နှစ်ရှည်သီးနှံပင်များကိုသာ  အဓိကထားစိုက်ပျိုး  အသက်မွေးကြရာမှ  ယခုအခါ  စိုက်ပျိုးရေးအသိပညာပေးမှုများကြောင့်   ယခင်က စိုက်ပျိုးသုံးစွဲရန်    မသိရှိခဲ့သော   နှစ်တိုသီးနှံပင်   တစ်မျိုးဖြစ်သည့်   ခွေးလှေးယားသီးပင်များကို   စမ်းသပ်စိုက်ပျိုးခဲ့ကြရာ    အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။