အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ရုံးခြံစည်းရိုး၊ ရုံးအဝင်လမ်း၊ မြို့နယ်အားကစားခန်းမရှိမုဒ်ဦးနှင့် အားကစားခန်းမရှေ့ ကာပါကင် လမ်းခင်းထားမှုတို့အား
Mar 06,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ mask campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကော့တာလမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
Mar 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းမကြီးများနှင့် လမ်းဆုံများ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ အပြီးထိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်အေးခန်းမ၌ ကျင်းပခဲ့ သည်။ အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း အဖွင့်စကား ပြောကြားကြသည်။
Mar 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို ယမန်နေ့ ညနေပိုင်းကမြို့ပေါ် ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 06,2022
ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးလက်ကုန်ထုတ် လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးခူအိုင်ကျေးရွာအုပ်စု၊ အောင်မြင်ကုန်းရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ လမ်းသစ်မုခ်ဦး ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 06,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။
Mar 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက် လမ်းဆုံရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ ဖြတ်သန်းသွား လာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် လက်မှတ်မရှိသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။