အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2022
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် စည်ပင်သာရပ် အေးမြမေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နက်ပိုင်းက တောင်ဖီလာကျောင်း တိုက်အတွင်း၌ ကျင်းပခဲ့သည်။
Nov 19,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာနှင့်မင်းရွာ‌ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
Nov 19,2022
MSME ထုတ်ကုန်များ ဈေးကွက်ရရှိရေး City Mart၊ နေပြည်တော် Whole Sale နှင့် S&A Distribution တို့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည် တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
Nov 19,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေကျပ်သိန်း(၅၀၀)ကို ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။         
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့  အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်မြေပြင်လူဦးရေစာရင်း ကောက်ယူ၍  အိမ်ထောင်စု စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ  မှန်ကန်စွာဖြည့်သွင်းနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်/ ကျေးရွာစာရေးများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ပင်စင်လမ်းရှိ စည်ပင်သာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2022
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ “ အသိပညာပေး (Talk Show) ကျင်းပသည်။