အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် အထက(၁)ကျောင်းနှင့် အထက-နောင်ကိုင်တော်ကျောင်းတို့၌ ကျင်းပခဲ့သည်။
Nov 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာမူလတန်းနှင့် အလယ် တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ GY SEN Myanmar စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့မဈေးအတွင်း ပွင့်လင်းရာသီ မီးဘေအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာမူလတန်း (G-5) သင်ရိုးသစ်နှင့် အခြေခံပညာအလယ်တန်းအဆင့်(G-9) သင်ရိုးဟောင်းစာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပခဲ့ရာ ဒေသအဆင့်ပညာရေးမှူး ဦးခင်ဇော်ထွန်းမှ အမှာစကား ပြောကြားသည်။
Nov 19,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယမန်နှစ်ထက် ဈေးအနည်းငယ်ပိုမိုရရှိသည့်အတွက် တောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။