အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပထမအကြိမ် ရောင်းချပေးပြီး ဖြစ်ရာ ယမန်နေ့ နံနက်(၉:၀၀)နာရီ၌ ၇/ အနောက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား ဆက်လက် ရောင်းချပေးခဲ့သည်။
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက် ၉ နာရီက မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စုတွင် နေအိမ် (၁၅) လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
Nov 20,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူကော်မတီ၏ ဦးဆောင်မူဖြင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉နာရီက အမှတ် (၁) ရပ်ကွက်ရှိ ဧရာဝတီမြစ်၊ သပြေကုန်းမြစ်ဆိပ်၌ ဆောင်ရွက်ခဲ့သည်။
Nov 20,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ မန္တလေးစွယ်တော်မြတ်စေတီ၏ (၂၇)ကြိမ်မြောက်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကဏ္ဍ ၅ ခုဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း စွယ်တော်မြတ်စေတီ၊ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။
Nov 20,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉နာရီက သံတွဲမြို့နယ် ကြက်စားချောင်ကျေးရွာ ကွင်းအမှတ် (၁၅၁)၊ ဦးပိုင်အမှတ်(၁၁၅/၂)ရှိ တောင်သူဦးဌေးဝင်းလှိုင်၏ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်း(၀.၁၀)ဧကကိုရိတ်သိမ်းရာ အစိုအထွက် (၁၁၀.၅၄)တင်း၊ အခြောက်(၁၀၈.၂၀) တင်း ထွက်ရှိခဲ့သည်။
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Nov 20,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၈)ရက်နေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းဘူးကျေးရွာအုပ်စု၊ ကော်သရွဲရွာတွင် ယာစပါးစံပြကွက်များ ရိတ်သိမ်းမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။