Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုသိမ်အကယ်ဒမီ U-14 ဘောလုံးအသင်းနှင့် မြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်ဘောလုံးအကယ်ဒမီ U-14 အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ယနေ့ညနေ ၃ နာရီခွဲအချိန်က မြို့မပြည်သူ့ ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အခြေခံပညာ မူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ…
Nov 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ အခြေခံပညာမူလတန်းအဆင့် Grade-4 သင်ရိုးသစ်နှင့် အလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ သီရိမင်္ဂလာဗိမာန်တွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းမြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Nov 20,2022
အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် အတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ် အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့်…
Nov 20,2022
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ အစိုးရ ရိပ်သာဝန်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား…
Nov 20,2022
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရရိပ်သာဝန်း အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပ
Nov 20,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၀၄ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနား…
Nov 20,2022
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” (Inclusion For Every Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားအား ယမန်နေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်/ဆက်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13913
Page
13914
Page
13915
Page
13916
Current page
13917
Page
13918
Page
13919
Page
13920
Page
13921
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department