အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်း(၀၆:၀၀)အချိန်ကစတင်၍  ကောင်းမွန်သောငွေထုတ်စနစ်များဖြစ်သည့်  E-ပင်စင်ကတ်၊ Myanmar Mobile Money (MMM)စနစ်နှင့် ငွေစုဘဏ်စာရင်းရှင်စာရင်းဖွင့်လှစ်ထုတ်ပေးခြင်းစနစ်များဖြင့် အချိန်မြန်ဆန်စွာ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့်အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာတက်တိုး ရေးသားထားသည့် “စာဖတ်စည်းစိမ်”စာအုပ်ကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက် ခြင်းကို နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
Nov 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အင်္ဂလိပ်/သင်္ချာ စွမ်းရည်နုတ်ဖြေပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 21,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်  မိုးစပါး (၉၇၉၇၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် စပါးများမှာ  ယခုအခါ ရင့်မှည့်လာပြီဖြစ်သည့်အတွက် စပါးစိုက်‌တောင်သူများအနေဖြင့် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
Nov 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားများ၏ပင်စင် လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေထုတ်ပေးလျက်ရှိသည်။
Nov 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပွင်းလင်းရာသီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် ရပ်ကွက်အတွင်းရှိ အိုးအိမ်များသို့ တစ်အိမ်တကက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မူလတန်းကြိုကျောင်း များမှ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ ကလေးများနေ့" အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ရုံးဝန်း အတွင်း ကျင်းပပြုလုပ်သည်။