Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတခရိုင် ပြန်/ဆက်ရုံး(Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ
Nov 21,2022
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်းမြို့၌ မြို့နယ်အဆင့်အခြေခံပညာကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 21,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲရေးစွမ်းရည် ပိုမိုမြင့်မားလာပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တိကျ လျင်မြန်မှုရှိလာစေရန်အတွက် စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အထက-နောင်မွန်းကျောင်း ထလမ်ရာဇီ ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လေဘေးသင့်အိမ်ထောင်စုအတွက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဉ်အိုးလှကျေးရွာတွင် နိုဝင်ဘာလ(၁၇)ရက် နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လေဘေးသင့်နေအိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Nov 21,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ် အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ
Nov 21,2022
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မင်းကွန်းတိုက်နယ် တာဝန်ခံတို့ပူးပေါင်း၍ “စိုက်ပျိုး ရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ် ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်း အခြေပြုစားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(ပညာဇောတ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13903
Page
13904
Page
13905
Page
13906
Current page
13907
Page
13908
Page
13909
Page
13910
Page
13911
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department