မိုင်းပျဉ်းမြို့ အ.မ.က-ဝမ်မတ်နှင့် ဝမ်နောင်ကျောင်းတို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဝမ်မတ်နှင့် ဝမ်နောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။