အိမ်မဲမြို့နယ် အ-လ-က ဂယက်ကြီးတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မိုဘိုင်းဖုန်းသုံးစွဲခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို အ-လ-က ဂယက်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။