ရေတာရှည်မြို့နယ် မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၂၉ နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားခန်းမသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစ်ဘောက်ဆင် (Kickboxing) အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် Asian Kickboxing Confederation (AKC) ဥက္ကဋ္ဌ၊ Mr.Nasser Nassiri နှင့်နည်းပြတို့မှ အားကစားအထောက်အကူပြုပစ္စည်းများ၊ နည်းစနစ်ပိုင်းနှင့် နည်းပညာဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၃၀ ဦးမြင့်ဇော် (ပြန်/ဆက်)

ခန္တီးမြို့တွင် ရေဘေးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

ခန္တီးမြို့တွင် ရေဘေးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ် ခန္တီး ဇွန် ၃၀ ကမ်းကီး(ပြန်/ဆက်)

ခန္တီးမြို့တွင် ငလျင်ဘေးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်

ခန္တီးမြို့တွင် ငလျင်ဘေးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ် ခန္တီး ဇွန် ၃၀ ကမ်းကီး(ပြန်/ဆက်)

မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အမျိုးသမီးများစွမ်းပကားမြင့်မားရေး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်၌ သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်း ငါးမျိုး စိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားအနီး ဧရာဝတီသင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် စနစ်တကျဖော်ထုတ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများကယမန်နေ့နံနက်က ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု၌ အောင်နိုင်တိုး(မျိုးစေ့ထုတ်) စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၃၇ က၊ ဦးပိုင်အမှတ် ၈၁ တောင်သူ ဦးအောင်မင်းထွန်း၏ လယ်မြေ ၂ ဧကတွင် ယမန်နေ့နံနက်က အောင်နိုင်တိုး(မျိုးစေ့ထုတ်) စံပြစိုက်ခင်း စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to