မိုင်းပန်မြို့နယ်တွင် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း၏ ရှေ့(၅)နှစ်တာ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းဆွေးနွေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း၏ (၂ဝ၂၁-၂ဝ၂၂) ဘဏ္ဍာနှစ်မှ (၂ဝ၂၅-၂ဝ၂၆) ဘဏ္ဍာနှစ်အထိ (၅)နှစ်တာ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။