ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။