ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ စားသုံးဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း‌ကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် အထက(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု  ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ကောလိပ်ပထမနှစ် သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (ဘီအီးဒီ)/ (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ပထမနှစ် သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to