မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ကြက်ဈေးရပ်ကွက် မူလွန်ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအ ချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်အလိုက် အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်း သူများ စာပေမှ ရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို လက်ဝယ်အရောက် ဖတ်ရှု့နိုင်စေရန်နှင့် စာပေကို ပိုမိုဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး မကွေးမြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးတွင် မကွေးမြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ လယ်မြေ ၄၈၀ ဧကမှထွက်ရှိမည့် သီးနှံထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့နယ်၌ ယူးရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် မြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန်ရည်ရွယ်၍ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နေ့လည်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် မြန်မာ့ဂီတနေ့ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(တာမွေမြို့နယ်)မှ စီစဉ်ကျင်းပ​သော “မြန်မာ့ဂီတနေ့” ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဂီတအလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တကောင်းမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်၍ ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာအုပ်စာစောင် ခင်းကျင်းပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နေ့လည် ၁၂နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မတ္တရာမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှုန်းဖြင့် ၁၁၀၀ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက် ကုန်ဖြစ်သော စားသုံးဆီ ပိဿာ(၁၁၀၀)ကို  တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇော ကုန်စုံဆိုင်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to