ဟိုပန်၌ ဆီနေကြာသီးနှံ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းနှင့် ယာစပါးမျိုး စိုက်ပျိုးထားရှိမှုစံပြကွက်များအား ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း ဦးဆောင်၍ တာဝန်ရှိသူများလိုက်ပါကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် မော်ဟွေ့ကျေးရွာရှိ ဆီနေကြာသီးနှံ၊ နမ့်လျှံကျေးရွာရှိ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းနှင့် ရုံးကုန်းရပ်ကွက်ရှိ ယာစပါးမျိုး စိုက်ပျိုးထားရှိမှု စံပြကွက်များအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။