ဝါးခယ်မမြို့နယ် အ.ထ.က စပါရိုး ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စပါးရိုကျေးရွာ အ.ထ.က ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။